ဂျဲနီဖာသည် အသက်အရွယ်မတိုင်မီ မှတ်ဉာဏ်ချို့ယွင်းသည့် ဒီမင်းရှားရောဂါ စတင်ခံစားနေရကြောင်း သိရှိပြီးနောက်၊ သူမသည် ကျမ်းစာမဖတ်နိုင်တော့သဖြင့် အော်ဒီယို ကျမ်းစာကို စတင်နားထောင်ခဲ့ပြီး၊ ကျမ်းစာချက်များသည် သူမအတွက် အဓိပ္ပာယ်သစ်ကို ဆောင်ကြဉ်းပေးခဲ့သည်။ ဥပမာအားဖြင့်၊ သူမသည် လမ်းခဏခဏ ပျောက်တတ်ပြီး၊ လူများကို မမှတ်မိတော့သလို တောရိုင်းတိရစ္ဆာန်များမရှိဘဲ ရှိသည်အထင်နှင့် စိတ်အာရုံချောက်ခြားနေသည်။ ထိုသို့ စိတ်ရှုပ်ထွေးပြီး ကြောက်ရွံ့နေချိန်တွင်၊ ဟေရှာယအနာဂတ္တိကျမ်းမှ “ထိုအရပ်၌ လမ်းမကြီးရှိလိမ့်မည်။ ထိုလမ်းကို သန့်ရှင်းရာလမ်းဟု သမုတ်ကြလိမ့်မည်။ ... သွားသောသူတို့နှင့်အတူ ကိုယ်တော်တိုင် ခရီးသွားလျက်ရှိတော်မူသည်ဖြစ်၍၊ မိုက်သောသူသော်လည်း လမ်းမလွဲရ။ ရွေးနုတ်သောသူတို့သာလျှင် ခရီးသွားကြလိမ့်မည်”(ဟေရှာ ၃၅:၈- ၉) ဟူသည့်ကျမ်းချက်ကို ကြားရသောအခါ ဘုရားသခင်၏ နှစ်သိမ့်သက်သာစေခြင်းကို ခံစားရသည်။
ပရောဖက်ဟေရှာယသည် မိမိတို့၏နေရင်းပြည်မှ ဖမ်းဆီးခေါ်ဆောင်ခံရသော သူ၏လူမျိုးတို့အား ဘုရားသခင်၏ ကတိတော်များကို ဝေမျှခဲ့သည်။ ဘုရား၏မျက်မှောက်တော်ကို ခံစားရမည့် ဗိမာန်တော်နှင့် ဝေးကွာနေရသဖြင့် သူတို့သည်…
အော့စ်ဝဲလ်ဒ်နှင့် ဘစ်ဒီချိန်းဘားစ်(Oswald နှင့် Biddy Chambers) တို့ဇနီးမောင်နှံသည် လန်ဒန်၌ ကျမ်းစာကောလိပ်တစ်ခုကို ၁၉၁၁ မှ ၁၉၁၅ ခုနှစ်အထိ ဖွင့်ခဲ့စဉ်က လိုအပ်နေသူများကို လျစ်လျူမရှုပါဟူသော သူတို့၏ဘဝမူကို ဆက်လက်ကျင့်သုံးခဲ့ကြသည်။ လိမ္မာပါးနပ်သောလန်ဒန်သားများသည် ဤအလေ့အကျင့်ကို အံ့အားသင့်ခဲ့ကြပြီး လူတို့အခွင့်ကောင်းယူကြလိမ့်မည်ဟု ထင်မှတ်ခဲ့ကြသည်။ အော့စ်ဝဲလ်ဒ် သည် ထိုအလေ့အကျင့်အတိုင်း လုပ်ဆောင်ရန် အခြားသူများကို မတိုက်တွန်းခဲ့ဘဲ “ငါ့တာဝန်က ပေးကမ်းဖို့ပဲ။ ဘုရားသခင်က တောင်းတဲ့သူကို ဂရုစိုက်လိမ့်မယ်” ဟု စောင့်ကြည့်ကာ တုံ့ပြန်ခဲ့သည်။
ထိုဇနီးမောင်နှံသည် ရက်ရောသောဖန်ဆင်းရှင်၏ စံနမူနာအတိုင်း နာခံလိုက်လျှောက်ခဲ့ကြသည်။ ဘုရားသခင်သည် မောရှေအား ပေးအပ်သည့် ညွှန်ကြားချက်များအားဖြင့် သူတို့၏အစားအစာနှင့်ပိုင်ဆိုင်မှုများကို ပေးကမ်းရန် အပါအဝင် လူမျိုးတော်တို့ရှင်သန်နေထိုင်နိုင်ရန်နှင့် အခြားသူများအား အစေခံ နိုင်ရန် ကျေးဇူးပြုသည့်နည်းလမ်းများကို ချမှတ်ပေးခဲ့သည်။ မောရှေသည် ဣသရေလလူမျိုးများအား သုံးနှစ်တစ်ခါ နှစ်ကုန်ချိန်၌ “ဆယ်ဖို့တစ်ဖို့ရှိသမျှကို ယူဆောင်လာ”ရန် မိန့်မှာခဲ့သည်။…
ဂျိုနီအဲရက်ဆန်ထါဒါ(Joni Eareckson Tada)၏မိခင်သေဆုံးပြီးနောက်၊ ဂျိုနီက လူ၏ခန္ဓာကိုယ်သည် သခင်ခရစ်တော်၏ တည်ရှိမှုကို ခံယူထည့်ထားသည့် “မြေအိုး”ကဲ့သို့ဖြစ်ကြောင်း ဆင်ခြင်မိသည်။ သူမက စျန်ဝင်ပြီး ခေတ်ပေါ်တင်စားမှုအဖြစ် ကျွန်မတို့၏မြေအိမ်ကို ကတ်ထူစက္ကူပုံးအဖြစ် တွေးမိသည်။ သူမမိခင်၏ “စက္ကူပုံး”မှာ ထောင့်၌ စုတ်ပြဲလျက် ဟောင်းနွမ်းကာ၊ အတွင်း၌ ဗလာနတ္တိ၊ ယခုဘာမှမရှိတော့ပါ။ သို့သော် ထိုစက္ကူပုံးသည် သူတို့တန်ဖိုးထား ခဲ့သောပုံး၊ အထဲ၌ အဖိုးတန်ဘဏ္ဍာဖြစ်သည့် ခရစ်တော်၏ဝိညာဥ် ကိန်းဝပ်ခဲ့သည့် “မြေအိုး” ဖြစ်ကြောင်း ဆင်ခြင်မိသည်။
ဂျိုနီသတိပြုမှတ်သားမိသကဲ့သို့ပင် သခင်ယေရှု၏နောက်လိုက်များသည် အသက်ရလာသည်နှင့်အမျှ ယိုယွင်းကျဆင်း ပေါက်ပြဲမှုများမှ တစ်ဆင့်၊ ရံဖန်ရံခါတွင် အံ့မခမ်းသောနည်းလမ်းများဖြင့် သခင့်အား ထွန်းလင်းထင်ရှားခွင့် ပေးခဲ့ကြသည်။ “တန်ခိုးတော်၏ဂုဏ်အသရေသည် ငါတို့နှင့်မဆိုင်၊ ဘုရားသခင်နှင့်ဆိုင်” ကြောင်း (၂ကော၄:၇)၊ ထင်ရှားလာမည်ဖြစ်၍၊ “မြေအိုး၌ ရှိသောဘဏ္ဍာ”ဟူသည့် ရှင်ပေါလု၏စကားကို သူမနားလည်လက်ခံခဲ့သည်။ ရှင်ပေါလုသည် “မကြံစည်နိုင်အောင်”ဖြစ်ပြီး၊ “အောက်သို့ လှဲခြင်းကို”…
သခင်ယေရှု ယေရုရှလင်မြို့သို့ အောင်ပွဲခံဝင်ရောက်ခြင်းကို ဂုဏ်ပြုသည့် သံလွင်ခက် တနင်္ဂနွေနေ့က Mary Edwar(မေရီအက်ဒွါ)အတွက် နက်ရှိုင်းစွာနာကျင်ခံစားရချိန် ဖြစ်လာခဲ့သည်။ ဝတ်ပြုပြီးနောက် သူမနှင့်ခင်ပွန်းKareem (ကာရီမ်)တို့ လက်ချင်းချိတ်ကာ ဘုရားကျောင်းမှထွက်လာချိန်တွင် ဗုံးပေါက်ကွဲပြီး၊ ကာရီမ် သေဆုံးကာ၊ မေရီမှာ ဒဏ်ရာရပြီး ကိုယ်ဝန်ပျက်ကျခဲ့သည်။
နေပြန်ကောင်းလာချိန်တွင် သူမ၏ခင်ပွန်းနှင့်ကလေးအတွက် ပူဆွေးရင်း မေရီ အလွန်ဒေါသထွက်ခဲ့သည်။ သို့သော် သမ္မာကျမ်းစာဖတ်ရှုခြင်းက “သူမအတွင်းရှိ မီးတောင်”ကို ငြိမ်းစေခဲ့သည်။ အထူးသဖြင့် ဤအဖြစ်ဆိုးကို အဘယ့်ကြောင့် ဘုရားရှင်ခွင့်ပြုသည်ကို နားမလည်နိုင်ဘဲ ရုန်းကန်နေချိန်တွင် “မိုးကောင်းကင်သည် မြေကြီးထက်သာ၍ မြင့်သကဲ့သို့၊ ငါ၏အကျင့်သည် သင်တို့၏အကျင့်ထက် သာ၍ မြင့်၏”ဟူသည့် (ဟေရှာ ၅၅:၉)က သူ့ကို ထောက်မခဲ့သည်။ “သူ့ကို မချီးမြှောက်သည့်အချိန်၌ပင် ဘုရားသခင်သည် ကျေးဇူးတော်ကို တိုး၍ပေးသည်ကို သူမနားလည်လာသောအခါ ဝိညာဉ်တော်အားဖြင့် သူမ သက်သာရာရခဲ့သည်။
မနာခံသောလူမျိုးတော်အတွက် ဘုရားသခင်ထံမှလာသည့် ဟေရှာယ၏ သတင်းစကားကို…
ကျွန်မဆယ်ကျော်သက်အရွယ်က မှတ်မှတ်ရရဖြစ်ခဲ့သည့်အရာတစ်ခုမှာ နွေရာသီစခန်းချသင်တန်း နောက်ဆုံးညတွင် အဖွဲ့၌ တစ်ယောက်တည်း အပြင်လူကဲ့သို့ခံစားခဲ့ရပြီး၊ အဖွဲ့ထဲမှတစ်ယောက်က ကျွန်မကိုသရော်သောအခါ ကျွန်မနာကျင်ခံစားရသည်။ သို့နှင့် စခန်းချတဲသို့ပြန်ပြေးသွားပြီး၊ အဖွဲ့ခေါင်းဆောင်က လာကြည့်သောအခါ ကျွန်မအိပ်ချင်ဟန်ဆောင်နေခဲ့သည်။ နောက်တစ်နေ့တွင် ၎င်းကိစ္စကို သူစကားမစအောင် ကျွန်မရှောင်ခဲ့သည်။
နောက်ပိုင်းမှ တမန်တော် ရှင်ပေါလုရေးသော “သင်တို့တွင် ကောင်းသောအမှုကို ပြုစပြုတော်မူသောသူသည် ယေရှုခရစ်၏နေ့ရက်တိုင်အောင် ပြီးစီးလျက် ပြုတော်မူမည်ဟု ငါသဘောကျ၏” (ဖိ ၁:၆)၊ ဟူသည့်ကျမ်းပိုဒ်ကို ကိုးကားပြီး ကျွန်မထံစာရေးကာ၊ ကျွန်မကို ဘုရားသခင်အမှန်ဂရုပြုကြောင်း သိနားလည်အောင် ထောက်မခဲ့သည်။ တမန်တော်ကြီး၏စကားများက ကျွန်မကို တည့်တည့်ပြောနေသည်ဟု ကျွန်မခံစားရသည်။
ဆယ်စုနှစ်တစ်ခုနီးပါး သူပျိုးထောင်ခဲ့သော ဖိလိပ္ပိအသင်းတော်သို့ ရှင်ပေါလု စာရေးကာ၊ ဘုရားသခင်နှင့် အချင်းချင်းတို့အပေါ်ထားသော ချစ်ခြင်းမေတ္တာကို “ခြားနားသောအရာတို့ကို ပိုင်းခြားစေခြင်းငှာ ဉာဏ်ပညာအမျိုးမျိုး”(:၉)အပေါ် အခြေပြုရန် တိုက်တွန်းခဲ့သည်။ ဘုရားသခင်သည် သူတို့ကို “သခင်ယေရှုခရစ်အားဖြင့်... ဖြောင့်မတ်ခြင်းအကျင့်နှင့်ပြည့်စုံ”(:၁၁)စေလျက် သူတို့အတွင်း၌၊…
လန်ဒန်မြို့တော်သည် နိုင်ငံတကာမှလူမျိုးပေါင်းစုံနှင့် အတူယှဥ်တွဲနေထိုင်သော မြို့ကြီးဖြစ်သည်။ ကမ္ဘာတစ်ဝန်းမှလူများ စုပေါင်းဆုံလာခြင်းသည် အံ့သြဖွယ် အစားအစာနှင့် စိန်ခေါ်မှုများစွာကို ယူဆောင်လာနိုင်သည်။ ဥပမာ- ဥရောပနိုင်ငံတစ်ခုမှ ကျွန်ုပ်၏မိတ်ဆွေများက ၎င်းတို့၏နိုင်ငံသည် မကြာမီကမှ ဥရောပ သမဂ္ဂအဖွဲ့ဝင်ဖြစ်ခဲ့ခြင်းကြောင့် လန်ဒန်တွင် သိပ်လေးစားမှု မခံရခြင်းဖြစ်နိုင်ကြောင်း ပြောလာ၍ ကျွန်ုပ်စိတ်မကောင်းဖြစ်မိသည်။ သူတို့သည် လျစ်လျူရှုခံရသည်၊ ပြဿနာများအတွက် အပြစ်တင်ခံရသည်၊ သူတို့မနှစ်မြို့သောအလုပ်များ လုပ်ကိုင်ရင်း ဘဝရှင်သန်နေရသည်။
ဘုရားသခင်သည် ဘက်လိုက်ခြင်းမရှိသောကြောင့် ကျွန်ုပ်တို့လည်း ဘက်မလိုက်သင့်ပါ။ လူတို့ကြားရှိ အတားအဆီးများကို ကိုယ်တော် ဖြိုခွင်းဖယ်ရှားပေးပါသည်။ ခေါင်မိုးပေါ်၌ ပေတရုဆုတောင်းနေစဉ် သူမြင်သော ရူပါရုံတွင် ဝိညာဉ်တော် လှုပ်ရှားလျက်၊ ဘုရားသခင်ကို ကြောက်ရွံ့သော တစ်ပါးအမျိုးသား ကော်နေလိအား အမှုဆောင်ရန် ပေတရု စေစားခံရသည်။ တစ်ပါးအမျိုးသားများနှင့် ပေါင်းဖော်ခြင်းမပြုရန် ယုဒလူမျိုးတို့၏ပညတ်နှင့် စပ်လျဥ်း၍ သုံးသပ်ရန် ပေတရုကို ဘုရားရှင်မစခဲ့သည်။ တမန်တော်သည် နားထောင်ပြီး ယေရှု၏သတင်းကောင်းကို…
သမိုင်းပညာရှင်များက ၁၉၀၆ ခုနှစ် ခရစ္စမတ်အကြိုနေ့တွင် ပထမဆုံးထုတ်လွှင့်သော တေးဂီတနှင့် မိန့်ခွန်းများကို အတ္တလန်တိတ်ရှိ အမေရိကန်ရေတပ်နှင့် အခြားသင်္ဘောများမှ ရေဒီယိုအော်ပရေတာတို့ နားဆင်ခဲ့ရသည်ဟု ယုံကြည်ကြသည်။ ပေးပို့နေကျ တတီတီမြည်သံနှင့် အချက်ပြကုဒ်များအစား၊ ရေဒီယိုအသံတီထွင်သူ ရယ်ဂျီနယ်ဖက်စီဒန် (Reginald Fessenden) တယောဖြင့် တီးခတ်ထားသော “အိုသန့်ရှင်းည”(O, Holy Night) ခရစ္စမတ်တေးကို နားဆင်ခဲ့ကြရသည်။ ဖက်စီဒန်သည် “ကောင်းကင်ဘဝဂ်ဝယ် ဘုရားသခင်သည် ဘုန်းကြီးတော်မူစေသတည်း”(လု ၂:၁၄)ဟူ၍ ကောင်းကင်တမန်များ၏ချီးမွမ်းခြင်းပဲ့တင်သံဖြင့် သူ၏ထုတ်လွှင့်မှုကို အဆုံးသတ်ခဲ့သည်။ သခင်ယေရှုမွေးဖွားခြင်းကို ချီးမွမ်းထောမနာပြုသောတေးဂီတနှင့် ဖော်ပြချက်များကြောင့် နားထောင်နေသူများ အံ့ဩတုန်လှုပ်သွားပေမည်။
သခင်ယေရှုမွေးဖွားခြင်းကြောင့် ဦးဆုံးအံ့ဩရသူများမှာ ပုံမှန်ညဘက်၌ သိုးများကို ထိန်းကျောင်းသော သိုးထိန်းများဖြစ်သည်။ ထိုအခါ၊ ဘုရားသခင်၏ ဘုန်းတော်ဖြင့် ထွန်းလင်းထင်ရှားလာသည့် ကောင်းကင်တမန် တစ်ပါးကြောင့် သိုးထိန်းတို့ ထိတ်လန့်ခဲ့ရသည်။ ကောင်းကင်တမန်ကလည်း “မကြောက်ကြနှင့်၊ လူအပေါင်းတို့သည် အလွန်ဝမ်းမြောက်ဝမ်းသာစရာသတင်းကို ငါသည် သင်တို့အား ကြားပြောရ၏။…
သူမ၏နေ့စဉ်ဝတ်ပြုကိုးကွယ်ခြင်းအတွက် ကျမ်းပိုဒ်များကို ဂျူလီ စတင်ချီးမွမ်းသီဆိုခဲ့သည်။ “ကျမ်းစာစရွတ်ဆိုလိုက်တာနဲ့ ကျွန်မဆိုနေတဲ့အကြောင်းအရာတိုင်း ကို လုပ်ဆောင်ဖို့နဲ့ ယုံကြည်ဖို့ ကျွန်မရဲ့နှလုံးသားနဲ့ စိတ်မှာ စဖြစ်ပေါ်လာတယ်”ဟု သူမက ဆိုပါသည်။ ဘုရား၏စကားတော်ကို အသံထွက်ချီးမွမ်းသီဆိုခြင်းအားဖြင့် သူမ၏အသံနှင့်အရပ်အမောင်းစသည်တို့အပေါ် သူ့ကိုယ်သူ မနှစ်မြို့ဖြစ်နေခြင်းနှင့် စပ်လျဥ်း၍ ကိုယ်တော်၏သမ္မာတရားက ရှင်းလင်းဖော်ပြရန် သူမလိုလားခဲ့သည်။
သူမသည် “မည်းသောအဆင်းရှိသော်လည်း တင့်တယ်သေး၏”ဟူသည့် ရှောလမုန်သီချင်း ၁:၅ ကို စတင်သီဆိုခဲ့ကြောင်း ဝေမျှခဲ့သည်။ (ထိုအာဂရေရီးယန်း ယဉ်ကျေးမှုတွင် နေလောင်၍ အသားညိုသောအမျိုးသမီးကို လှသည်ဟု မသတ်မှတ် ကြပါ)။ ဤကျမ်းပိုဒ်ကို ရွတ်ဆိုရင်း ဘုရားသခင်သည် သူမ၏အတွေးများကို ပြောင်းလဲပေးခဲ့သည်။ “ကျွန်မသည် မပြည့်စုံသော်လည်း ကိုယ်တော် ကျွန်မကိုချစ်သည်”ဟူ၍ ရုတ်ချည်း သူမသဘောပေါက်သွားသည်။
ဓမ္မဟောင်းကျမ်း၏ ဉာဏ်ပညာဆိုင်ရာစာပေတွင် ပါရှိသောလှပသည့် လင်္ကာတစ်ပုဒ်ကို ဂျူလီရွတ်ဆိုခဲ့သည်။ ရှောလမုန်သီချင်းသည် သူ၏လူမျိုးများအပေါ်ထားသည့် ဘုရားသခင်၏ချစ်ခြင်းမေတ္တာကို ဖော်ညွှန်းသည်ဟု အချို့က အဓိပ္ပာယ်ဖွင့်ကြသော်လည်း လူများစွာက…
၁၉၄၀ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်၊ လန်ဒန်မြို့၌ ဗုံးကျဲတိုက်ခိုက်မှု ဖြစ်ပွားစဉ်၊ စိန့်ပေါလ်ဘုရားရှိခိုးကျောင်းအနီးရှိ ဂိုဒေါင်တစ်ခုတွင် ဗုံးပေါက်ကွဲခဲ့သည်။ ထိုနေရာ၌၊ ဘစ်ဒီချိန်းဘာ(Biddy Chambers) သည် သူမပြုစုတည်းဖြတ်ခဲ့သော်လည်း အာမခံ မထားသည့် အော့စ်ဝေါလ်ချိန်းဘာ(Oswald Chambers)၏ စာအုပ် ၄၀,၀၀၀ လုံး ဆုံးရှုံးသွားကြောင်း သတင်းရသောအခါ၊ လက်ဖက်ရည်ခွက် ကို ချပြီး၊ သူမ၏သမီးအား “ကောင်းပြီ၊ ဘုရားသခင်က သူ့ဘုန်းတော်အတွက် စာအုပ်တွေကို အသုံးပြုခဲ့ပေမဲ့ အခုတော့ အဲဒါတွေ ပြီးကုန်ပြီ။ အခု ဘုရားသခင် ဘာဆက်လုပ်မလဲဆိုတာကိုပဲ စောင့်ကြည့်ကြမယ်”ဟု ပြောခဲ့သည်။
ဘစ်ဒီသည် ပထမကမ္ဘာစစ်အစတွင် ကွယ်လွန်သွားသူ ခင်ပွန်းဖြစ်သူ အော့စ်ဝေါလ် ရေးခဲ့သည့်စာကို သတိရကောင်း ရနေခဲ့မည်။ အော့စ်ဝေါလ်က သခင်ယေရှုသည် တပည့်တော်တို့အား “မရှောင်လွှဲနိုင်သော ဘေးအန္တရာယ်” အကြောင်းကို မိန့်တော်မူပြီး၊ ကြောက်မက်ဖွယ်ရာများ ကြုံလာရသောအခါ၊ သူသည်…
ဂျော်ဒန်မြစ်အနောက်ဘက်ဒေသ သန့်ရှင်းသောပြည် (Holy Land)ရှိ သခင်ယေရှုလျှောက်ခဲ့သောနေရာ၌ လမ်းလျှောက်ခြင်းကို ကျွန်မတို့နှစ်သက်သည်။ ယခုမှ ကိုယ်တော်၏လောကီအသက်တာ မြင်ကွင်းများနှင့်အသံများကို ပို၍ လွယ်ကူစွာ ကျွန်မစိတ်ကူးမြင်ယောင်နိုင်ခဲ့ပါပြီ။ သို့သော် ဘုရားကျောင်းနှင့် ကျေးလက်ဒေသရှိ မညီညာသော ကျောက်တုံးများပေါ် တက်လိုက်ဆင်းလိုက် လုပ်ခြင်းကြောင့် ဒူးနာလျက် အိမ်ပြန်ခဲ့သည်။ ကျွန်မ၏ဝေဒနာက ရာစုနှစ်များစွာက ခရီးနှင်ခဲ့ကြသူများနှင့် နှိုင်းယှဉ်လျှင် အသေးအဖွဲမျှသာ ဖြစ်သည်။ ထိုသူများသည် အဆစ်အမြစ် နာကျင်မှုကို ပြင်းထန်စွာခံစားရသည်သာမက သေဆုံးသည်အထိဖြစ်ခဲ့လည်း ဘုရားသခင်သည် သူတို့နှင့်အတူရှိခဲ့သည်။
ဘုရားသခင်သည် သူ၏လူများကို သူ့နောက်သို့လိုက်ရန် ခေါ်ခဲ့ပြီး “နို့နှင့် ပျားရည်စီးပြီး သာယာသောပြည်” (ထွက် ၃:၈) တွင် နေထိုင်ရန် ဖိတ်ခေါ်ခဲ့သည်။ သူတို့သည် ကတိထားရာပြည်သို့ဝင်ရောက်ရာ ဆန့်ကျင်ဘက် စစ်တပ်များ၏ အန္တရာယ်နှင့် မြို့ရိုးကဲ့သို့သောအတားအဆီးများ ရင်ဆိုင်ရနိုင်သည်ကို ကိုယ်တော် သိသည်။ အနှစ် ၄၀ ပတ်လုံး ကန္တာရထဲ…